ယင်းမာပင်တွင် အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေးအတွက် ယနေ့ ချီတက် ဆန္ဒပြကြသည်။
နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုက” လွတ်လပ်ခြင်းတွေ ရှင်သန်ဖို့ အာဏာရှင် မှန်သမျှ တော်လှန်စို့” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ချီတက် ဆန္ဒထုတ်ဖော်ကြသည်။