ထီးချိုင့်၊ ဆားတွင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ သက်ကြီး ရွယ်အို ၁ ဦးသေဆုံးပြီး ရွာကို မီးတင်ရှို့ ၊ ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာ ကိုလည်း စစ်တပ်နှင့်ပျူစောထီးများက မီးရှို့
ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြိုနယ်၊ ဆားတွင်းရွာအနီးတွင် စစ်တပ်နှင့် ဒေသပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဆားတွင်း ကျေးရွာ ကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် က အထိနာသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ရွာကို မီးတင်ရှို့ကြောင်း၊ စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်သဖြင့် သက်ကြီးရွယ်အို အမျိုးသမီးကြီး ၁ ဦး လက်နက် ကြီးထိမှန်၍ သေဆုံးကြောင်း သိရှိရသည်။
“ထီးချိုင့် မြို့ကနေ လာတဲ့စစ်ခွေးတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲကြာချိန်က မွန်းလွဲ ၁နာရီကနေ၂ နာရီ နီးပါးခန့် အထိကြာတယ်။ စစ်တပ်ဘက်က အထိနာလို့ ရွာတွေဆီကို လက်နက်ကြီး တွေနဲ့ ပစ်တယ်။ အဲဒီလိုပစ် လို့ ထန်းကုန်းရွာက ဒေသခံတွေ လက်နက်ကြီး ကျည်ထိပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ ဒဏ်ရာရသူက အမျိုးသမီး၂ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း၄ဦး ။ အသက်၆၀အရွယ် အဖွား ဒေါ်ကြည်ဖြူကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတော့ ဆေးကုသ ပေးနေရဆဲဖြစ်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထန်းကုန်ကျေးရွာ၊ ကံပေါက် ကျေးရွာ၊ လေသာရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ဆားတွင်းကျေးရွာကို ယနေ့ ညနေ ၃ နာရီခွဲအချိန် မီးတင်ရှို့နေကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ၊ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှမှ ပျူစောထီးများသည် ဆီဆုံလေးကျေးရွာသို့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရသည့် ကျေးရွာတစ်ခု။