27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ လူဦးရေ နဲ့ သန်းခေါင်စာရင်းကို ဖိအားပေးခြိမ်းခြောက် ကောက်ယူ နေတဲ့ စစ်ကောင်စီလက်အောက်ခံ မူလတန်းကျောင်းအုပ်ဆရာဝင်းခိုင် ဆိုသူကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ သိရပါတယ်။

-ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မဲဝိုင်စခန်းကို KNU/ KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဥ်တိုက်ခိုက်နေရာမှာ အကြမ်းဖက်စစ်ကောင်စီ ဘက်က အထိအခိုက် သေဆုံးမှု များနေတဲ့အတွက် လေကြောင်း အသုံးပြုပြီး အရပ်သားတွေ နေထိုင်တဲ့ နေရာ တွေကို ရမ်းသမ်း တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

-ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း အပါအဝင် ကျေးရွာတွေကို စစ်ကောင်စီက တိုက် လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နဲ့ မိခင် ၁ ဦး၊ ခရစ်ယန်ဘာသာရေး ဆရာ ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသမီးအဖွဲ့နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့တို့က အရေးပေါ် သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article