ရန်ကုန်တွင် ”ဖက်ဆစ်ရွေးကောက်ပွဲ ကိုဆန့်ကျင်ကြ စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရန်ကုန်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ”ဖက်ဆစ်ရွေးကောက်ပွဲ ကိုဆန့်ကျင်ကြ စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၊ North Dagon Oppressed People’s Strike Colition-NDOPSC တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo – AAMIJ





