ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ ကြေင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ရွှေဘိုမြို့ပန်းခြံတောင်ဘက် လမ်းဘေး၌ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်၊ ပိန်းဥပြုတ်များ ရောင်းချသော အသက် ၁၁ နှစ်အရွယ် မပွားစိန်သည် ဇန်နဝါရီလ ၁၂ ရက်ညပိုင်းတွင် နေအိမ်ပြန်လည်ရောက်ရှိ လာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် ရွှေဘို မြို့ရှောင်လမ်းဘေး ရှိလယ်ကွင်းထဲ၌ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ ကလေးမလေးက ကန်စွန်းဥ၊ ငုံးဥ၊ ပိန်းဥ ပြုတ်လေးတွကို ပန်းခြံရှေ့နဲ့ သံလမ်းဦးအောင်ဇေယျ ကြေး ရုပ်နားမှာ ရောင်းပြီး မိဘကို လုပ်ကျွေးနေတာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်မြို့လုံးက ဒေါသ ထွက်နေ ကြတယ်၊ ရဲစခန်းက ရဲတွေက PDF ဖမ်းဖို့လောက်ပဲ သီးသန့်ဖြစ်နေတယ်၊ ခိုးဆိုးလုယက်မှုတွေ ဖြစ် တိုင်း ဘယ်တော့မှ လက်သည်မပေါ်ဘူး” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးမပွားစိန်သည် ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်တွင် အဖွား၊ မိခင်၊ အမဖြစ်သူတို့နှင့် အတူနေထိုင်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်တွင် မုဒိမ်း ကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း သိရသည်။
“ရွှေဘိုမြို့ပေါ်မှာက လူမသိ၊ သူမသိအဖမ်းခံရတာ၊ လက်သည်မပေါ်ဘဲ အသတ်ခံရတာတွေ အများကြီးပဲ၊ တရားရုံးဆိုရင်လည်း ပွဲဈေးတန်းကြီးလို လူစည်နေတာ၊ ဒီကိစ္စကိုလည်း အသေးစိတ်ကွင်းဆက်တွေ ချိတ်ဆက်မိအောင်လိုက်နေတယ်၊ အသေးစိတ်သိရတာနဲ့ ပြောပြပါ့မယ်” ဟု ရွှေဘိုမြို့နယ် လွတ်လပ် သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အလားတူ ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်မှ စိတ်မနှံ့သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်မှ နှစ်ရက်ခန့်ပျောက်သွားပြီး ရွှေဘိုမြို့ အနောက်ဘက်ရှိ ညောင်ပင်သာကျေးရွာဘက်တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။