ပုလော၊ ရှပ်ပုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိ၊ ရေစကြို၊ ဇီးတောရွာရှိ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးပူး ပေါင်းအဖွဲ့နှင့် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား ညနေ ၄ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အ ကြမ်းဖက်စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးကာ သေနတ် တစ်လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ရှပ်ပုံကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ ဝင်ရောက်တပ်စွဲထားသဖြင့် ဒေသခံရွာသူ၊ ရွာသားအမြောက်အများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတော(ပျူ)ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Salingyi Special Task Force – SSTF ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နေ့ ဇီးတော(ပျူ)ရွာရှိ စာသင်ကျောင်းနှင့် လမ်းဂိတ်များရှိ အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးများကြဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ၆၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅ ၊ ဆားလင်းကြီးမြို့နယ် တပ်ရင်း ၊ ၁၊ ၂ ၊ Salingyi Special Task Force – SSTF ၊ စစ်ကိုင်းခရိုင် တပ်ရင်း – ၄(MS PDF) ၊ Super Fighter တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ပုလောမြို့နယ်၊ ရှပ်ပုံရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရရှိစဉ်။