30 C
Yangon

ငါန်းဇွန်တွင် စစ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများ ၊ ကသာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ABSDF၊ PDF အပါအဝင် မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်

Must read

ငါန်းဇွန်တွင် စစ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများ ၊ ကသာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ABSDF၊ PDF အပါအဝင် မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင် စီ တပ်သား ၁၅ ဦးသေဆုံးကြောင်း ဇာမဏီ ပြောက် ကျား တပ်ဖွဲ့ ထံမှ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းရွာရှိ ပြည်သူပိုင် ပစ္စည်းများ၊ နွားများကို ယူဆောင်ပြီး ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီးဖြင့် ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သားကျင်ရွာနှင့် နတ်ကြီးရွာအကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ပွိုင့် ၃ ပွိုင့်​ထားကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး လမ်းဘေးသို့ ထိုးကျသွားကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများအား ဖမ်းဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)- STF (Ngazun)၊ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)_MSPDF၊ ခုနှစ်စဥ်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ အင်အား (ငါးဇွန်)နှင့် MN PDF(မန္တလေးခရိုင်တပ်ရင်း.၅)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ် ရေး တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်လျက်ရှိကာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားကြောင်း မြို့လှ K-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကသာမြို့နယ်၊ ချောင်းဝရွာနှင့် မိုးတားလေးရွာအကြားတွင် အကြမ်းဖက် စစ်တပ် ခလရ ၇၇ တပ်ရင်းမှူး စံရွှေ ဦးစီးသော အင်အား ၇၂ ဦးအဖွဲ့နှင့် မိုးတားလေး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်၊ ABSDF၊ မြို့လှ K-PDF စစ်ကြောင်းမှူး ဗိုလ်မိုးကြိုး ဦးဆောင်သော တော်လှန်ရေး မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများသည် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန် လျက်ရှိ ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မိုးဒါလေးရွာကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ပြည်သူပိုင် နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၈ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့တွင် ကသာမြို့နယ်၊ ငါးအိုးနယ် ၊ စိမ့်ငူကျေးရွာအထက် ၊အလယ်ကျွန်း ကျေးရွာ အနီး တွင် လည်း တိုက်ပွဲဖြစ်ပွားပြီး PDF ၁ ဦး ကျဆုံးကြောင်း၊ စစ်တပ်က အလယ်ကျွန်းရွာကို မီးရှို့သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ABSDF တပ်ဖွဲ့၏ သင်တန်းဆင်းပွဲတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article