28 C
Yangon

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး

Must read

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ကသာမြို့ နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရွာနှင့် ဆင်ကုန်းတိုင်ရွာ အကြားရှိ ဆိပ်သာ ဘုရားအနီးတွင် ​ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်​ကောင်စီ လက် အောက် ခံတပ်များ အကြား ၃ ရက်မြောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေးတပ်များက မြေပြင်အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ် အချိန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ် ၊ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် ရဟတ်ယာဉ် ၃ စီးဖြင့် ၄ ကြိမ် စစ်ကူလူချခြင်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် ကင်း ထောက် လေယာဥ် ၁ စီးပါ ပျံဝဲပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ဂျက်ဖိုက်တာ ၁ စီးက တိုက်ကုန်းရွာဦးဘက်သို့ ဗုံးကျဲခြင်း ပစ်ခတ်ခြင်းများ ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် နေအိမ် ၁ လုံး ချက်ချင်းမီးလောင်သွားကြောင်း၊ ဇန်န ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဂျက်လေယာဥ် ဖြင့် ဗုံးကျဲရာ ကသာမြို့နယ် နမ့်စမ်းစာသင်ကျောင်း ပျက်စီးထိခိုက်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် ကသာမြို့နယ်၊ မိုးတား လေးကျေးရွာ အုပ်စု ဆိပ်သာဘုရားကုန်းမှ စစ် ကြောင်းက တိုက်ကုန်းရွာမှ နေ အိမ် ၁၄ လုံးကို မီးရှို့ခဲ့ပြီး မိုးတားလေးဘက်သို့ ထွက်ခွာလာကြောင်း၊ မိုးတား လေးကျေးရွာ အုပ်စု တိုက်ကုန်းရပ်မှ အဆောက်အဦး မျိုးစုံ ၁၅ လုံးမှာလည်း စစ်တပ်၏ မီးရှို့မှု ခံခဲ့ရ ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုးတားလေးကျေးရွာအုပ်စုမှ ပြည်သူများအားလုံး စစ်တပ်၏ စစ် ကြောင်း ထိုးမှုကြောင့် တောတောင်များထဲတွင် ထွက် ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article