“စစ်တပ် ထောက်တိုင် မှန်သမျှ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်း ကိုင်ဆောင်ကာ အားမာန်သစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၃
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် “စစ်တပ်ထောက်တိုင်မှန်သမျှ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်း ကိုင်ကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့သည်ဟု သိရသည်။