တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် ပြည်သူ့ကာကွယ်ရေး PDF တပ်သားများ အနေဖြင့် ကျေးလက် မြို့ရွာမှ တိုင်းနိုင်ငံအထိ စုစည်းနိုင်ရန် အရေးကြီးပြီး ထောက်ပို့အဖွဲ့အစည်းများ အနေဖြင့် အရေးကြီးသည့် နေရာများကို ထိထိ ရောက်ရောက် ထောက်ပို့နိုင်ရန်၊ ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ နိုင်ငံသားများ ထောက်ပို့ ကန္တကို အားစိုက်ပေးရန် ဒယ်ဂူး ဘုန်းဘုန်းမှ မိန့်ကြားခဲ့ကြောင်း သိရသည်။



