Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– နိုင်ငံတော်အာဏာကို မတရား လုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာနိုင်ငံကိုတင်မက ဒေသတွင်း နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကိုပါ ထိခိုက်ပျက်စီးစေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ သတိပေး ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
-ပဲခူးတိုင်းမှာ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ် နဲ့အဖွဲ့ သတ် ဖြတ်ခံရပြီးတဲ့နောက် ပဲခူးရိုးမ အနောက်ပိုင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား အလုံး အရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် ကိုပြောပါတယ်။
– မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်း-ကျေးရွာအနီးမှာရှိတဲ့ အမြောက်တပ် အတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ဘောလုံးကန်နေတဲ့အချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက်ပေးပါမယ်။
