တောင်ကိုရီးယားနိုင်ငံ အူဆန်မြိုနှင့်ဒယ်ဂျွန်းမြို့များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆုတောင်းဆန္ဒပြပွဲ ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၉
တောင်ကိုရီးယားနိုင်ငံ အူဆန်မြိုနှင့်ဒယ်ဂျွန်းမြို့များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆုတောင်းဆန္ဒပြပွဲကို ဒယ်ဂူဆရာတော်ဦးဆောင်၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ထောက်ပို့များအနေဖြင့် အရေးကြီးသည့် နေရာများကို ဦးစားပေးထောက်ပို့ကူညီသင့်ကြောင်းနှင့် ဘယ်အချိန်သည် အရေးကြီးဆုံးလဲ၊ ဘယ်သူသည် အရေးကြီးဆုံးလဲ၊ဘယ်အရာအရေးကြီးဆုံးလဲသိရန် လိုအပ်ကြောင်း ဒယ်ဂူးဘုန်းဘုန်းမှ မိန့်ကြားခဲ့သည်။



