ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင် ရှို့နေ
ရန်ကုန်၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်အချိန် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင် ရောက်ပြီး မီးရှို့နေကြောင်း Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှိုဖျက် ဆီးခဲ့သော အကြမ်းဖက် စစ် သား သည် ယနေ့နံနက် ပိုင်းတွင် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာအတွင်းသို့ စစ် ကြောင်းတစ်ကြောင်းလျှင်အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာပြီး အင်ကြင်းပင် ကျေး ရွာများကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း၊ ဒေသခံပြည်သူ၊ ရွာသား များ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ အရင်နေ့တွေက ခင်ဦးနယ်ဘက် မအူပင်တို့ ဘက် မှာ ရွာတွေမီးရှို့တယ်၊ ပစ္စည်းတွေယူတယ်၊ ဒီနေ့ ကျနော်တို့ ဘက် ရောက် လာတာ၊ တပ်နာမည်တွေလဲ မသိရသေးဘူး၊ အနား ကပ်လို့လဲမရဖူး၊ မီးရှို့နေ တာကို အဝေးကနေပဲ လှမ်းမြင်နေရတယ်၊ အခုတစ်ကြိမ်ပါဆိုရင် မီးရှို့ခံရတာ ၄ ကြိမ်လောက်ရှိပြီ။”ဟု Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။