33 C
Yangon

စစ်ကောင်စီ လျှို့ဝှက်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ညွှန်ကြားခဲ့ သည့်အတိုင်း မိုဘိုင်းလ်ဖုန်း SMS များမှတစ်ဆင့် NUG ၊ PDF များကို ထောက် ခံ ခြင်းမပြုရန်၊ ပါဝင်ပတ်သက်ခြင်းမပြုရန် ပြည်သူများကို ခြိမ်းခြောက်

Must read

စစ်ကောင်စီ လျှို့ဝှက်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ညွှန်ကြားခဲ့ သည့်အတိုင်း မိုဘိုင်းလ်ဖုန်း SMS များမှတစ်ဆင့် NUG ၊ PDF များကို ထောက် ခံ ခြင်းမပြုရန်၊ ပါဝင်ပတ်သက်ခြင်းမပြုရန် ပြည်သူများကို ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကောင်စီ လျှို့ဝှက်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် စိုး တင့် နိုင် ညွှန်ကြားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း SMS များမှတစ်ဆင့် NUG ၊ PDF များကို ထောက်ခံခြင်းမပြုရန် ခြိမ်းခြောက်စာများကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက ပြည်သူများ အားလုံး၏ မိုဘိုင်းလ်ဖုန်းများသို့ ပို့လာကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ် အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ၈ နာရီနီးပါး ကြာ မြင့်သော စစ်ကောင်စီ ၏ လျှို့ဝှက် အစည်းအဝေး ပြည်ထဲရေး ဒုဝန်ကြီးက SMS များမှ တစ်ဆင့် ပြည်သူများကို NUG ၊ PDF မပတ်သက်ရေး စာတိုများပေးပို့ရန် အကြံ ပြု ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က နိုင်ငံပိုင် မီဒီယာများကို လူတိုင်း မကြည့်ကြကြောင်း၊ ဖုန်းများကို လူတိုင်းကြည့်ကြကြောင်း၊ အကြမ်းဖက်မှု ပါဝင်ခြင်း၊ အားပေးခြင်းများကို ထိထိရောက်ရောက် အရေးယူမည်ဆိုသော သတင်း စကားများကို မိုဘိုင်းလ်ဖုန်း ၄၆ သန်းမှတစ်ဆင့် SMS များ ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချိန်သတ်မှတ်၍ SMS ကို နှစ်ကြိမ်၊ သုံးကြိမ် ပေးပို့ခြင်းဖြင့် ဆောင်ရွက်ရန်၊ PDF Game များကို နှိမ်နင်းရန်လည်း အကြံပြု ခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၉ နာရီ ၅ မိနစ်မျာ PDF ဂိမ်းကစားရင် ဥပဒေအရ အရေးယူခံ ရမယ်ဆိုတဲ့စာတို ဝင်လာတယ်။ ကျနော်တော့ ချက်ချင်းဖျက်ပစ်လိုက်တယ်။ စစ်ခွေးတွေက အတော်ကြောက်နေပုံရတယ်” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မှ အခြားပြည်သူတစ်ဦးကလည်း ၎င်း၏ မိုဘိုင်းလ်ဖုန်းထဲသို့ အကြမ်း ဖက် မှုနှင့်ဆိုင်သော Post ၊ Share ၊ Like ၊ Comment တင်ခြင်းများ ဥပဒေ အ ရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော် မတီ) မှ အသိပေးအပ်ပါသည် ဆိုသော SMS ရရှိကြောင်း အတည်ပြု ပြော ဆိုသည်။

“ကျနော့်ဖုန်းထဲတော့ ၉ နာရီ ၄၆ မိနစ်မှာ ဝင်လာတာ။ ကမကလ စစ်တပ် က လူပါး၀နေတာ” ဟု မရမ်းကုန်းမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ၄၆ သန်းရှိပြီး အော်ပရေတာ ၄ ခုရှိ ကာ အော်ပရေတာအားလုံးမှာ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများက ပိုင် ဆိုင် ထိန်းချုပ်ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article