မြန်မာ စစ်တပ် အာဏာသိမ်းယူမှု ၂ နှစ်တာ အတွင်း အကြမ်းဖက် လုပ်ရပ်များကို တောင်ကိုရီးယားနိုင်ငံ၊ ဒဲဂျောင်မြို့တော်ဝန်ရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁
တောင်ကိုရီယားနိုင်ငံ၊ ဒဲဂျောင်မြို့၊ ဒဲဂျောင်မြို့တော် ဝန်ရုံးရှေ့တွင် မြန်မာ စစ်တပ် အာဏာသိမ်းယူမှု ၂ နှစ်တာ အတွင်း အကြမ်းဖက် လုပ်ရပ်များကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဒဲဂျောင် မြန်မာ့ ဒီမိုကရေစီ ငြိမ်းချမ်းရေးအဖွဲ့၊ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ်၊ ကိုရီးယား မြန်မာ ပူးတွဲ လုပ်ဆောင်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒယ်ဂူးဆရာတော်က မိန့်ကြားသည်။