“အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာသားနှင့် YBS ယာဥ်များနှင့် ကားမှတ်တိုင်များတွင် စတစ်ကာကမ်ပိန်းပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁
ရွှေပြည်သာသပိတ်ကော်မတီနှင့် ရွှေပြည်သာ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့်
“အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” ခေါင်းစဥ်ဖြင့် ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် အင်းစိန်လမ်းမပေါ်ရှိ YBS ယာဥ်များနှင့် ကားမှတ်တိုင်များတွင် စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။



