ကရင်နီပြည်နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များက “စစ်ခွေးနိဂုံး၂၀၂၃ ၊ မင်းအောင်လှိုင် ၏ မတရားရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ကြွေးကြော်သံ များဖြင့် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီမှအာဏာသိမ်း ၂ နှစ်ပြည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တော် လှန်ရေးအင်အားစုတို့ ပူးပေါင်းကာ ဒီးမော့ဆိုမြို့နယ်တနေရာတွင် ဆန္ဒပြကြ ကြောင်း သိရသည်။
စစ်ခွေးနိဂုံး၂၀၂၃ ၊ မင်းအောင်လိုင် မတရားပြုလုပ်မည့်ရွေးကောက်ပွဲကို ဆန့်ကျင် ကြ၊ ဒီတိုက်ပွဲလူငယ်တိုက်ပွဲ၊ လူငယ်အားနဲ့ဖောက်ထွက်ရမယ်၊ တော်လှန်ရေးတပ်ဦး CDM ၊ မေ့လျော့ခံ CDM များ၊ အာဏာ ရှင်မှန်သမျှ တွန်း လှန်ကြ၊ အရေးတော်ပုံအောင်ရမည် စသည့်ဆိုင်းပုဒ်များကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုကို ဒီးမော့ဆိုမြို့နယ် သပိတ်ကော်မတီမှ ဦးဆောင်ကာ DMO-PDF၊ KRU နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။