23 C
Yangon

မိုးဗြဲမြို့အနီး ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံး၊ သံချပ်ကာ ၂ စီးနှင့် ထောက်ပို့ စစ်ကား ၃ စီး ပျက်စီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ စတင်ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ၊ သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် ထောက်ပို့စစ်ကား ၃ စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၁၆ ရက်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုး‌‌ဗြဲမြို့အတွင်းတွင် တပ်စွဲထားပြီး မိုး‌ဗြဲမြို့နှင့် အနီးတ ဝိုက် လွယ်ယင်းမင်္ဂလာနှင့် ဟိုက်ကွီဆည်စစ်ကြောင်း၊ မိုး‌ဗြဲမြို့မစစ်ကြောင်း၊ လွိုင်ကော်ဘုရားဖြူ စစ်ကြောင်း စသည့် စစ်ကြောင်း ၃ ကြောင်းတို့ဖြင့် ထိုးစစ်ဆင်လျက်ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဥ်များ၊ သံချပ်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်အထိ ရှိကြောင်း KNDF က ဆိုသည်။

မိုး‌ဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅၀)နှင့် (ခလရလ-၂၆၁)၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် (ခမရ – ၄၂၇)တို့မှ တာဝေးပစ်အမြောက်များဖြင့်သော (၁၂၀ မမ) (၈၀ မမ) တို့ဖြင့် တစ်နေ့ လျှင် ပစ်ခတ်မှုနှုန်း (၁၀၀) ကြိမ်ခန့်ဖြင့် အကြိမ်ပေါင်း (၅၀၀)ကျော် တိုက်ပွဲဖြစ်ရာဝန်းကျင်သို့ ပစ်ခတ်ခဲ့သဖြင့် KNDF တပ်ဖွဲ့ဝင် ၅ ဦး၊ မဟာမိတ်တပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း KNDF က ဆိုသည်။

မိုးဗြဲမြို့နှင့် ဝါရီဆူးဖလိုင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မှ ဝါရီဆူးဖလိုင်ကျေးရွာနှင့် ဝီသဲကူးကျေးရွားများအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဝါရီဆူးဖလိုင်မှ ကျေးရွာသားအချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article