29 C
Yangon

ထိုင်းနိုင်ငံ ရနောင်း လဝကစခန်းတွင် ပိတ်မိ​နေ​သော မြန်မာ ၆၀၀ ကျော် ယ​နေ့ အိမ်ပြန်ခွင့်ရ

Must read

ထိုင်းနိုင်ငံ ရနောင်း လဝကစခန်းတွင် ပိတ်မိ​နေ​သော မြန်မာ ၆၀၀ ကျော် ယ​နေ့ အိမ်ပြန်ခွင့်ရ

ရန်ကုန်|ဖေဖော်ဝါရီ ၂

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်း သိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီ ၂တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

အမျိုးသား ၅၄၀ဦးနှင့် အမျိုးသမီး ၁၃၈ဦး စုစုပေါင်း ၆၇၈ဦး ကော့သောင်းဘက်သို့ ရောက်ရှိလာကြောင်း နေရပ်ပြန်ပို့သူများကို လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်များ အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်မှ တာဝန်ရှိသူများက စက်လှေ လေးစီးဖြင့် လာရောက်ခေါ်ယူခဲ့ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါမြန်မာများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ရနောင်းလဝက စခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံဘက်က အရေအတွက်အကန့်သတ်ဖြင့်သာ လက်ခံနေခြင်း၊ ထိုင်းရဲများကလည်း ငွေကြေးပေးသူကိုသာ ဦးစားပေးကာ ပို့ပေးခြင်းတို့ ကြောင့် မြန်မာများမှာ ထိန်းသိမ်းရေးစခန်းတွင် ခုနစ်လ၊ ရှစ်လကြာသည်အထိ နေနေကြရခြင်းဖြစ်သည်။

ယင်းသို့ နေထိုင်ရာတွင် အခန်းကျည်းထဲ ပြွတ်သိပ်ထိုးနေရခြင်း၊ အစား အသောက် အဆင်မပြေခြင်း၊ ကျန်းမာရေး မကောင်းလျှင် ဆေးကုသခွင့် မရခြင်း စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကြုံနေရသဖြင့် ဇန်န ဝါရီလ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် အစာငတ်ခံ ဆန္ဒပြတောင်း ဆိုခဲ့ကြ ခြင်းဖြစ်သည်။

ယင်းနောက် မြန်မာသံရုံးက လာရောက်ဆွေးနွေးညှိနှိုင်းကာ ဖေဖော်ဝါရီလ ၂ရက်တွင် စတင်ပို့ပေးမည်ဟု ကတိပေးသဖြင့် ဆန္ဒပြမှုရပ်ဆိုင်းခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article