30 C
Yangon

ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်တပ် တပ်စွဲထားသော လ၀ကရုံးတွင် ဗုံးကွဲ၊ သာကေ တ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ သန်လျင်၊ အင်းစိန်၊ ခရမ်း တို့တွင်လည်း ဆက် တိုက်ဗုံးကွဲ၊ မန္တလေးတွင် ဆောက်လက်စ အုပ်ချုပ် ရေးမှူးရုံး ဗုံး ၃ ကြိမ်ကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်မြို့လယ်ခေါင်ရှိ နိုင်ငံခြားသားများ ဗီဇာ သက်တမ်းတိုးရလေ့ရှိသော လူဝင်မှု ကြီးကြပ်ရေး ရုံးတွင် စစ်ကောင်စီတပ်များ တပ်စွဲထားရာ ယနေ့တွင် ဗုံးကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်မြို ပန်းဆိုးတန်း လမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ လ၀ကရုံးတွင် စစ်ကောင်စီတပ်များ တပ်စွဲ ထားပြီး ယနေ့တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ People Force၊ မှော်ဘီတော်လှန်ရေးအင်အားစု၊ ACPLF၊Yangon Defence Force (Bahan) ၊ DNPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုကို အတည်မပြုနိုင်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သာကေတမြို့နယ်တွင် ည ၈ နာရီ ၂၄ မိနစ်အချိန်တွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ည ၈ နာရီ ၂၅ မိနစ်အချိန်တွင်လည်းကောင်း၊ လှိုင်သာယာမြို့နယ်တွင်လည်း ယနေ့ ည ၉ နာရီ အချိန်တွင်လည်းကောင်း၊ အင်းစိန်မြို့နယ်တွင်လည်း ည ၉ နာရီ ဝန်းကျင်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပညာရေးမှူးရုံးတွင် ဗုံး ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သေနတ်ပစ်သံများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၆ နာရီ ခွဲအချိန် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် တောင်ပိုင်း ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိမြို့နယ်လျှပ်စစ်ရုံးကို လက်ပစ်ဗုံး ဖြင့် တိုက်ခိုက်ပြီး ပေါက်ကွဲမှုကြောင့် ထရန်စဖော်မာ ပျက်စီးသွားကြောင်း သိရှိ ရသည်။

ထို့ပြင် ယနေ့ နံနက် ၉ နာရီခွဲ အချိန် သန်လျင်မြိုနယ်၊ အမှုထမ်းရပ်ကွက်၊ သိမ်ကုန်းလမ်းရှိ မြို့နယ်အခွန်ရုံးတွင်ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၊ သံလျှက် မှော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လက်စ အခြေအနေတွင် ဗုံး ၃ လုံးဆင့် ပေါက်ကွဲပြီး ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ညပိုင်း လှည်တန်းတွင် ကင်းလှည့်နေသော အကြမ်းဖက် တပ်ဖွဲ့ဝင်များ။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article