26 C
Yangon

မြန်မာစစ်အုပ်စုက အတင်းအကျပ်စစ်မှုထမ်းစေခိုင်းခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပိုမို လုပ်ဆောင်နေ၍ ထိရောက်သော အရေးယူမှုများ လုပ်ရန် ILO ညီလာခံတွင် CTUM ဥက္ကဋ္ဌ ဦးမောင်မောင် တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၅

မြန်မာစစ်အုပ်စုက ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက်၊ စုံစမ်းစစ်ရေးကော်မရှင်အကြံပြုချက်နှင့် အာဆီယံ ဘုံသဘောတူညီချက်များကို ချိုးဖောက်ပြီး အတင်းအကျပ်စစ်မှုထမ်းစေခိုင်းခြင်း၊ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို ပိုမိုချဲ့ထွင် လုပ်ဆောင်နေ၍ ထိရောက်သော အရေးယူမှုများ လုပ် ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်က တိုက်တွန်းတောင်းဆိုလိုက်သည်။

ထိုသို့ ပြောဆိုချက်သည် ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပသော 114th ILO ညီလာခံ အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်က တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အာဏာပိုင်များသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များ ၊ ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရန် ပျက်ကွက်နေဆဲဖြစ်ပြီး အ ကြမ်းဖက်မှုများကို ရပ်တန့်မည့်အစား ပိုမိုတိုးမြှင့်ခဲ့ကြောင်း၊ ထို့အပြင် အလုပ်သမားအခွင့်အရေးများ ကို လေးစားမည့်အစား ဖိနှိပ်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး အတင်းအဓမ္မလုပ်အားစေခိုင်းမှုကို ပပျောက် စေမည့်အစား အတင်းအကျပ်စစ်သားစု ဆောင်းခြင်းနှင့် စစ်မှုထမ်းခိုင်းခြင်းများမှတစ်ဆင့် ပိုမိုချဲ့ထွင် ခဲ့ကြောင်း ထောက်ပြထားသည်။

ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက်က နိုင်ငံတကာအစိုးရများအား စစ်အုပ်စုထံ ထောက်ပံ့ပေးနေသော စစ်လက်နက်ပစ္စည်းများ၊ လေယာဉ်ဆီများနှင့် ငွေကြေးစီးဆင်းမှုများကို ပြန်လည် သုံးသပ်ပြီး သင့် လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသော်လည်း ယနေ့အချိန်အထိ စစ်တပ်က အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် Jet Fuel A-1 ကို ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း CTUM ဥက္ကဌ ဦးမောင်မောင်က ပြောဆိုသည်။

ထို့ကြောင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီးဖြစ်သော အစိုးရများအနေဖြင့် အဆိုပါ အရေးယူ ဆောင်ရွက်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် မြန်မာစစ်တပ်သို့ လေယာဉ်ဆီ တင် သွင်းပေးနေသည့် အဖွဲ့အစည်းများကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ပေးပါရန် CTUM က ထပ်မံ တောင်းဆိုထားသည်။

ထို့အပြင် ILO နှင့် ၎င်း၏ သုံးပွင့်ဆိုင် ပါဝင်သူများအနေဖြင့် စစ်တပ်က ဖန်တီးထားသော အစားထိုး အလုပ် သမားအဖွဲ့အစည်းများကို တရားဝင်မှုပေးရန် ကြိုးပမ်းမှုအားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ရ မည်ဖြစ်ကြောင်း၊ ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်းသည် သမိုင်းဝင် အောင် မြင်မှုတစ်ရပ်ဖြစ်ပြီး ဆုံးဖြတ်ချက်များ ရှိရုံဖြင့် အလုပ်သမားများကို မကာကွယ်နိုင်ကြောင်း၊ ဆုံးဖြတ် ချက်များသည် အတင်းအဓမ္မလုပ်အားစေခိုင်းမှုကို မရပ်တန့်နိုင်ကြောင်း၊ ဆုံးဖြတ်ချက်များသည် ရှိရုံ ဖြင့် လေကြောင်း တိုက်ခိုက်မှုများကို မရပ်တန့်နိုင်ကြောင်း၊ ဆုံးဖြတ်ချက်များသည် ထောင်ကျနေ သူများကို လွတ်မြောက်စေမည် မဟုတ်ကြောင်း CTUM ဥက္ကဌ ဦးမောင်မောင်က ပြောဆိုသည်။

ထို့ကြောင့် CTUM သည် ILO ပုဒ်မ ၃၃ ကို ထောက်ခံခဲ့သော အစိုးရများနှင့် အလုပ်ရှင် အဖွဲ့အစည်း များအား နိုင်ငံရေးထောက်ခံမှုကို လက်တွေ့လုပ်ဆောင်မှုများအဖြစ် ပြောင်းလဲပေးရန်နှင့် ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက်၏ အပိုင်း ၃ တွင် ILO ညွှန်ကြားရေးမှူးချုပ်အား အာဆီယံနှင့် ဒေသ ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း အသိပေးထားသည်။

ထို့ကြောင့် ယင်းတာဝန်ကို အချိန်မဆွဲဘဲ အကောင်အထည်ဖော်ရန်၊ ILO ပုဒ်မ ၃၃ အကောင်အ ထည်ဖော်ရာတွင် အာဆီယံအစိုးရများနှင့် တိုက်ရိုက် ဆွေးနွေးဆောင်ရွက်ရန် နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် CTUM ဥက္ကဌ ဦးမောင်မောင်က တိုက်တွန်းထားသည်။

ILO သည် အရပ်သားများအပေါ် အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့် စေ နိုင်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပါက တာဝန် ခံမှု ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်နိုင်ပါက မြန်မာနိုင်ငံ တွင် တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့ဂုဏ်သိက္ခာ ပြန်လည်ထူထောင်နိုင်မည်ဟူသော ယုံကြည်မှု ကိုလည်း အားကောင်းစေမည် ဖြစ်ကြောင်း အသိပေးထားသည်။

ဇွန်လ ၄ ရက်နေ့ကလည်း Switzerland နိုင်ငံ၊ Geneva မြို့ရှိ Broken Chair ရင်ပြင်၌ Belarus အ လုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော နိုင်ငံတကာသွေးစည်းညီညွတ်ရေး ဆန္ဒပြပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြောင်း၊ ယင်းဆန္ဒပြပွဲတွင် Belarus ပြည်သူများ၏ လွတ်လပ်ရေးနှင့် ဒီမိုက ရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန် လည်ထူထောင်ရေး၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံး လွတ်မြောက်ရေးတို့ အတွက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် Belarus အလုပ်သမားသမဂ္ဂများအဖွဲ့နှင့် Myanmar အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ သည် Belarus နှင့် မြန်မာနိုင်ငံတို့တွင် ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝ အာမခံနိုင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာ သွေးစည်းညီညွတ်မှုနှင့် ဖိအားပေးဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် ထပ်မံ တိုက် တွန်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article