မုံရွာမြို့ပေါ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မုံရွာမြို့ပေါ်တွင် မုံရွာလူငယ်များ အစည်းအရုံး အပါအဝင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ”အာဇာနည်မျိုး သေရိုးမရှိ” စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



