တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် ကစယ့်သူး တောင်ညို စစ်ကြောင်း၏ မွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တောင်ညိုစစ်ကြောင်း၏ မွမ်းမံ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် ကစယ့်သူး (တောင်ညို) စစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ညိုစစ်ကြောင်းရှိ ရဲဘော်များမှ ပြည်သူ့ ကာကွယ်ရေး တပ်မတော် အလံတော်ကို အလေးပြု သစ္စာဆိုခြင်းနှင့် တာဝန်ရှိသူများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းဆင်း ရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် အလေးပြု၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အဆိုပါ မွမ်းမံသင်တန်းတွင် သင်တန်းသား ရဲဘော်များအား စာတွေ့၊ လက်တွေ့ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ ၂ လတာကြာမြှင့်ကြောင်း သိရသည်။