33 C
Yangon

စစ်ကောင်စီတပ် တပ်စွဲထားသော ခရမ်းမြို့နယ်ပညာရေးမှူးရုံးကို ခရမ်း PDF က ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး အပြင်း အထန် ဒဏ်ရာရသူများလည်း သေဆုံးဖွယ်ရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကောင်စီတပ် တပ်စွဲထားသော ခရမ်းမြို့နယ်ပညာရေးမှူးရုံးကို ခရမ်း PDF က ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး အပြင်း အထန်ဒဏ်ရာရသူများလည်း သေဆုံးဖွယ်ရှိကြောင်း ခရမ်း PDF က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပညာ ရေးမှူးရုံးတွင် ဗုံး ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သေနတ် ပစ်သံ များလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

ခရမ်း PDF ၏ ထုတ်ပြန်ချက်အရ စစ်သား ၃ ဦး (ကြည်းတပ်သားများ) သေဆုံး ပြီး ဒဏ်ရာရရသူ ၅ ဦး ရှိကြောင်း ၊ ဒဏ်ရာရရှိသူများအနက်မှ ၃ ဦးမှာ အခြေအနေ ဆိုးဝါးပြီး သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

“မနေ့ညက ပစ်ထည့်လိုက်တာက 40mm အသီးနဲ့ပစ်တာ၊ တစ်မြို့လုံး ပါတုန် သွားတယ်။ စစ်သားတွေက ၀ိုင်းဖွဲ့ပြီး အရက်သောက်နေကြတာ။ ဖြစ်ချင် တော့ ဗုံးသီးက အရက်၀ိုင်းနား ဗုံးကျတာပဲ” ဟု ခရမ်းPDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article