ကနီမြို့နယ် မြသိန်းတန် တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော် ကိုအောင်ဇိမ်ထွန်း၏ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားနှင့် အထိုင် သပိတ်ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကနီမြို့နယ်တွင် မြသိန်းတန် တိုက်ပွဲ၌ ကျဆုံးခဲ့သော ရဲဘော် ကိုအောင်ဇိမ်ထွန်း၏ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တော်လှန်ရေးတပ်ဖွဲ့များ၊ ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ)၊ ကနီမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ (ပ.လ.ဖ)၊ မုံရွာလူထု ပင်မသပိတ် ကော်မတီ၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နှင့် ဒေသခံ ပြည်သူလူထုများ ပူးပေါင်း ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။


