ရန်ကုန်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ရန်ကုန်၊ လှိုင်သာယာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အင်းစိန်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် “အာဇာနည် အထောင်အသောင်းရဲ့ သွေးခင်းလမ်း အတိုင်း ရဲရဲဝံ့ဝံ့ချီတက်ကြလော့” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
