28 C
Yangon

အကြမ်းဖက်စစ်ကောင်စီက မိုးဗြဲမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ကရင်နီဒေသကို ထိုးစစ်ဆင်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး ၂ ဦး ထပ်မနည်း ဒဏ်ရာရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃

အကြမ်းဖက်စစ်ကောင်စီက ယနေ့ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် မိုးဗြဲမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခြင်းကြောင့် ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ညနေပိုင်းတင် လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက် အစောပိုင်းကတည်းကပင် မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းမှ ဒီးမော့ဆိုမြို့နယ်၊ ကဖူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များကြား မိုးဗြဲမြို့တောင်ဘက် ဝါရီဆူးပလိုင်နှင့် ကပ္ပယ်ခူရွာများတွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ နေ့လယ် ၁ နာရီတွင် ကပ္ပယ်ခူရွာဟောင်းကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်ကဆိုသည်။

ယနေ့ညနေ ၆ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံ အနီးဝန်းကျင်ရှိ ပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦးထက်မနည်း ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ပြည်သူများသည် စစ်ပွဲတွင် ကြိုတင်ပြင်ဆင်မှုအချိန် အလွန်နည်းသောကြောင့် အရေးကြီးပစ္စည်းများနှင့် အိုးအိမ်များ လက်လွတ်ဆုံးရှုံးနေရကြောင်း၊ စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် အရေးကြီးသော ပစ္စည်းများကို ယူဆောင်သွားနိုင်ရန် အသင့်ပြင်ထားရန်လိုအပ်ကြောင်း ဖယ်ခုံ ပအဖ က နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article