29 C
Yangon

မန္တလေး၊ ရတနာပုံမီးပွိုင့်တွင် စစ်ကောင်စီစစ်ဆေးရေးအဖွဲ့ ဗုံးခွဲခံရပြီး ၂ ဦး သေပြီး ရဲမှူးတင်မောင်လင်း အပါအဝင် ၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် ပြည်သူများထံမှ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို မန္တလေး Guerilla Force of Mandalay(GRA) က ဗုံးခွဲ တိုက်ခိုက်ပြီး ရဲ ၂ ဦး သေ ဆုံး ကာ ၈ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

GRA ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ဝန်း ကျင်တွင် ၇၈ လမ်းနှင့် ရတနာပုံမီးပွိုင့်တွင် ပြည်သူများထံမှ မတရား ဆက် ကြေးကောက်ခံနေသော ယာဉ်ထိန်းရဲများနှင့် ရဲများကို ဗုံးဖြင့် ပစ်ခတ် တိုက် ခိုက်ရာ ရဲ ၃ ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရှိသူများတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်လင်း ၊ ရဲအရာရှိ ၂ ဦး ၊ တပ်ကြပ်နှင့်တပ်သားအဆင့် ၃ ဦး ပါဝင်ကြောင်း၊ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် Mandalay Youth Special Forces — MYSF က ၄၆ လမ်း ၊ ၄၇ လမ်း ၊ ၄၈ လမ်း မြတ်လေးလမ်း နှင့် ပိတောက်လမ်းကြားရှိ ကျူးကျော်တဲများကို လာရောက် ဖျက်ဆီးနေသော စစ်ကောင်စီတပ်ယာဉ် ၂ စီး အဝေးထိန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲအများ အပြား ဒဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ယနေ့ ညနေပိုင်း ဗုံးခွဲခံရပြီးနောက် ဒဏ်ရာရရှိသွားသော ရဲမှူး တင်မောင်လင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article