27 C
Yangon

ကော်သူးလေနယ်မြေတွင် ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO တို့ကြား တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၂၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဖေဖေါ်ဝါရီလ ၁ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကြား တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၂၂၇ ဦးသေဆုံးကာ ၁၅၉ ဦး ဒဏ်ရာရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLAနှင့် KNDO ဘက်မှ ၅ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ အဓမ္မခိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြောင်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်လို့ ရက် ၂၀ အတွင်း ပြည်သူ ၄ ဦး ဒဏ်ရာရကြောင်း KNU က ဆိုသည်။

KNU တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်၊ လူသောမြို့နယ်များအတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များက လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်အမျိုးသားအစည်းအရုံးက ယနေ့ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article