ပေါက်မြို့နယ်တွင် တိုက်ပွဲ၂ ကြိမ်ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံး ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး -PRF မှ ဗဟို သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် လွန်းညီ က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသော စစ်ကြောင်းကို ပေါက် မြို့နယ်၊ ရေတိမ်ကျေးရွာနှင့် ကျွန်းတောကျေးရွာ အကြားတွင် ပထအကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်ဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီခန့်တွင် ရှခွာကြီးရွာနှင့် ရှခွာလေး ရွာကြားတွင် ထိတွေ့ တိုက်ပွဲထပ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း သိရသည်။
“ပထမတစ်ကြိမ်က ရေတိမ်နဲ့ကျွန်းတောရွာကြားက ချောင်းကြားထဲမှာ စီးနင်း ပစ်ခတ်ကြတာ၊ အဲဒီမှာ ရန်သူ့ဘက်က ၄ ဦး သေဆုံးတယ်၊ ညနေပိုင်း ရှခွာကြီး၊ ရှခွာလေးကြားမှာ ထပ်တိုက်တာ၊ မနေ့ညက တော့ ရှခွာကြီး၊ ရှခွာလေးမှာ စခန်း ချတယ်၊ ဒီနေ့(ဖေဖော်ဝါရီလ ၂၅ ရက်) နေ့ မနက်တော့ ညောင်ဦး ပေါက် ကိုရောက်နေတယ်၊ ပေါက်မြို့ပေါ်ကို သွားလိမ့်မယ်လို့ သုံးသပ်ရတယ်” ဟု ပြည်သူ့ တော်လှန်ရေး တပ်ဦး -PRFမှ ဗဟို သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ရဲဘော်လွန်းညီက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။
စစ်ဆင်ရေးတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ပခုက္ကူ လှုပ် ရှား စစ်ဒေသ)၊ ပခုက္ကူခရိုင် တပ် ရင်း ၁၆ တပ်ခွဲ ၁ ၊ Pakokku GZ ၊ PDO /PDA (People’s Democratic Army)၊ တပခွဲ ၂ ၊ Black ပြောက်ကျားတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ပေါင်းစုတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ပခုက္ကူ လှုပ်ရှား စစ်ဒေသ)၊