Khit Thit သတင်းဌာန၏ မတ် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရွှေချောင်းတံတားထိပ်မှာရှိတဲ့ ပြည်သာယာခန်းမအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦး သေသွားတယ်လို့ Special Guerilla Force(SGF Pakokku)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို ဒီကနေ့နံနက် ၁ နာရီဝန်းကျင်မှာ စစ်တပ်က လက်နက် ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်လာပြီး ရွာကို မီးတင်ရှို့နေကာ ပြည်သူတွေမှာ ငိုသံတွေ အော်ဟစ်သံ တွေနဲ့ အမှောင်ထဲ ထွက်ပြေးနေကြရတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သားနှစ်ဦးဟာ ရှေ့တန်းမှာ အစာရေစာလုံလောက်မှု မရှိတာနဲ့ လစာခံစားခွင့်တွေကို အထက်က သိမ်းယူထားတာအပါအဝင် ကြီးနိုင်ငယ်ညှင်း ပြုလုပ်ခံရတာ၊ မိသားစုနဲ့ တွေ့ခွင့်မရတာတွေကြောင့် CDM ပြုလုပ်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။