ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နမစားရစ်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၅နာရီခန့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများနှင် ထုကာ ဝင်ရောက် စီးနင်း၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” မနက် ၆ နာရီ ဝန်းကျင်မှာ စပြီး ရွာကို မီးတင်ရှို့နေတယ်။ ။ ရွာသားတွေတော့ အားလုံး ထွက်ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ပြည်သူအများ ထွက်တိမ်းရှောင်နေရသည့်အတွက် အိမ်ခြေမည်မျှ ပျက်စီး ဆုံးရှုံးသည်ကို မသိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် နမစားရစ်ရွာအပြင် အနီးနားရှိ ဇီးဖြူကုန်းနှင့် မြိုလှရွာများသို့ပါ ဝင်ရောက် သောင်းကျန်းနေသည့်အတွက် ရွာ ၃ ရွာ လုံးရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ပုံစာ – မီးရှို့ခံနေရသည့် နမစားရစ်ရွာ