27 C
Yangon

မြိုင်တွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းတို့ကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြား

Must read

မြိုင်တွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းတို့ကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို PDF တပ်ဖွဲ့များက ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ် တွင်းမရွာထိပ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် တွင်းမရွာ မှ စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခွဲခန့်တွင်လည်း စက်မှု ၂ မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီကား ၅ ကားကို စက်မှု ၂ နှင့် ကိုင်းတောမကြားတွင် လခြမ်းမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး Faw ကားတစ်စီးပေါ်မှာ စစ်ကောင်စီများ ပြင်းပြင်းထန်ထန်ထိခိုက်သွားကြောင်းနှင့် ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင်လည်း စက်မှု ၂ မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီကား ၅ စီးကို သရက်ကန် ပျူစောထီးစခန်းနှင့် တွင်းမပျူစောထီးစခန်းကြားတွင် ရှော့တိုက်ဒုံး ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ Faw ကားတစ်စီးပေါ်မှ စစ်ကောင်စီဝင် ၁၀ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကာ သေဆုံးစာရင်းကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော ယာဥ်တန်းသည် တွင်းမရွာ ပျူစခန်းရှေ့တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားပြီး နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ပြန်လည် ထွက်ခွာလာစဥ် တွင်းမပျူစောထီးစခန်းနှင့် ကမ္မရဲစခန်းအကြားတွင် ရှော့တိုက်ဒုံး ၃ လုံး၊ လခြမ်းမိုင်း ၃ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိ မရှိကို အတည်မပြုနိုင်သေးကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို မြိုင်မြို့နယ်ပြည်သူ့ကာကွာရေးတပ်ဖွဲ့ (မြိုင် ပကဖ) ၏ တပ်ရင်း၁ ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) – ဂဠုန် ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article