ကလေးမြို့တွင် စစ်တပ် ပစ်သတ်ခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ မတ် ၃
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ကလေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့အဖြစ် ယနေ့ မတ်လ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။