နတ်မောက်တွင် CDM ကျောင်း ဆရာ၊ ဆရာမ များကို ဖမ်းဆီးရန် စစ်တပ်ထံ သတင်းပို့နေသည့် မြို့နယ် ပညာရေးမှူး သန်းထိုက် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မတ် ၄
မကွေးတိုင်း၊ နတ်မောက်မြို့တွင် CDM ကျောင်း ဆရာ၊ ဆရာမ များကို ဖမ်းဆီးရန်အတွက် စစ်တပ်ထံ ပေးပို့နေသည့် မြို့နယ် ပညာရေးမှူး သန်းထိုက် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့တွင် နတ်မောက်မြို့နယ် အတွင်းရှိ CDM ကျောင်း ဆရာ၊ ဆရာမ များသတင်းကို စစ်တပ်ထံ ပေးပို့နေသည့် မြို့နယ် ပညာရေးမှူး သန်းထိုက်ကို ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၅ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူ့ကြောင့် လူသေတာတွေ အဖမ်းခံရတာတွေ ထွက်ပြေးနေရတဲ့ သူတွေ အများကြီးပဲ မြို့နယ် ပညာရေးမှူး သန်းထိုက်က CDM ဆရာ၊ ဆရာမတွေနဲ့ မြို့ပေါ် ရပ်ကွက် ကျေးရွာပေါင်းစုံက ပြည်သူလူထု အများစုကို စစ်တပ်နဲ့ ပေါင်းပြီး ဒုက္ခမျိူးစုံ ပေးနေတဲ့အတွက် ရှင်းလင်းခဲ့တာ” ဟု ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျား (နတ်မောက်)နှင့် Magway Guerrilla Warfare (မကွေး) ပြောက်ကျား အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
