ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်း တစ်ကျောင်း ထပ်မံ ဖွင့်လှစ်
ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး S&C အဖွဲ့က ယနေ့ မတ်လ ၉ ရက်နေ့တွင် စာသင်ကျောင်း တစ်ကျောင်း ထပ်မံ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခု ဖွင့်လှစ်ခဲ့သော ကျောင်းသည် S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်ရေး အဖွဲ့၏ ၁၀ ကျောင်း မြောက် စာသင်ကျောင်းဖြစ်ပြီး ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။