Khit Thit သတင်းဌာန၏ မတ် ၁၃ ရက် ညပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၃ ရက် ညပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– တောင်ကိုရီယား၊ ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ အခုရက်ပိုင်းပြသနေတဲ့ တော်လှန်ရေး ရုပ်ရှင် တွေကို လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေ များပြားနေတဲ့အတွက် အချိန်ခွဲ ပြသနေရတယ်လို့ သိရပါတယ်။
– ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာဘုန်းကြီးကျောင်းမှာ သံဃာတော် ၃ ပါးနဲ့ ပြည်သူတွေကို စစ်တပ်က ကယား PDF လို့ဆိုကာ ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ စစ်တပ်ဘက်တော်သား တယ်လီဂရမ် တွေမှာ ဓာတ်ပုံတွေနဲ့ တကွ တရားဝင် ဝန်ခံ ဝါဒဖြန့် သတင်းတွေ ထုတ်ပြန်ထားပါတယ်။
– ချင်းပြည်နယ်၊ တီးတိန်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF Zoland က မနေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ စစ် သားတွေ ထွက်ပြေးပြီး ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိတယ်လို့ PDF Zoland က ပြောပါတယ်။
– မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေတာ ကြောင့် ကျေးရွာ ၁၂ ရွာက ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။