23 C
Yangon

ယင်းမာပင်ရှိ PDF သင်တန်းဆင်းပွဲ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်၊ ထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရှင်းပုန်းကျေးရွာအနီး ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက MI35p အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း၊ ရှင်းပုန်းကျေးရွာရှိ နေအိမ် အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

PDF များ၊ ဒေသခံပြည်သူများ၏ ထိခိုက်ကျဆုံးမှု အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ဓါတ်ပုံ – လာရောက်ပစ်ခတ်သည့် Mi35p ရဟတ်ယာဉ် ၁ စီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article