ဖားကန့်မြို့တွင် ဖားကန့်ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်
ရန်ကုန်၊ မတ် ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့တွင် မတ်လ ၂၄ ရက်နေ့၌ ဖားကန့်ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “KIA၊ PDF တိုက်ပွဲတိုင်းမာနိုင်ပါစေ” ၊”NUG အစိုးရ ဒို့အစိုးရ” ၊ “တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့် တိုက်ဖြတ်ကြ” ၊ “လူထုသစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ”၊ “လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ”၊ “ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ” စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။