25 C
Yangon

ဆားလင်းကြီးတွင် စစ်ယူနီဖောင်းကို မီးရှို့ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြ

Must read

ဆားလင်းကြီးတွင် စစ်ယူနီဖောင်းကို မီးရှို့ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇

ဆားလင်းကြီးမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ယနေ့ မတ်လ ၂၇ ရက်နေ့၌ စစ်ယူနီဖောင်းကို မီးရှို့ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့​ကြောင်း သိရသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ ဦးဆောင်ပြီး ဒေသခံ ပြည်သူများနှင့် မုံရွာလူငယ်များ အစည်းရုံးမှလည်း ပူးပေါင်း ဝန်းရံခဲ့ကြောင်း သိရသည်။

“တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့စစ်တပ်ကိုမထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တာပါ။ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ခုဆို တဖြည်းဖြည်းယိုင်လဲလာပါပြီ အရေးနိမ့်လာပြီဖြစ်တဲ့အတွတ်ပြည်သူလူထုအနေနဲ့ဆက်လက် တောင့်ခံခုခံပေးကြဖို့တောင်းဆိုလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article