ချောင်းဦးတွင် ဖက်ဆစ်ဝါဒဆန့်ကျင်ရေးနှင့် မကြောက်တရားများဟောပြောကာ ဖက်ဆစ်ဆန့်ကျင်ရေးသပိတ်ပြုလုပ်
ရန်ကုန်၊ မတ် ၂၇
ချောင်းဦးမြို့နယ်လူငယ်အင်အားစုမှ ယနေ့ မတ် ၂၇ ရက်နေ့တွင် ဖက်ဆစ်ဝါဒဆန့်ကျင်ရေးဆိုင်ကယ်သပိတ်ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင် ထိုင်သပိတ်လည်း ပြုလုပ်ခဲ့ပြီး သပိတ်စစ်ကြောင်းဦးဆောင်သူများမှ ဖက်ဆစ်ဝါဒဆန့်ကျင်ရေးနှင့် မကြောက်တရားများဟောပြောကာ ဖက်ဆစ်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့သည်။