ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ရက် နံနက်ပိုင်းတွင် အမျိုးသမီးများ၊အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များပူးပေါင်းကာ ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှု လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။။