လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ
ရန်ကုန်၊ မတ် ၃၁
ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီးနောက် လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” သံမိုးတောင် ကျေးရွာမှာရှိ အကြမ်းဖက် စစ်ခွေးတွေရဲ့ သမ္မတစခန်းမှာ နံနက်ပိုင်းကနေစပြီး မွန်းလွဲ ၃ နာရီအထိ တိုက်ပွဲဖြစ်နေတာ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ တိုက်ပွဲပြီးသွားတော့ စစ်ခွေး တွေက ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပြီး ရွာထဲက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့နေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။