30 C
Yangon

ကျုံဒိုးမြို့ရှိ ရပ်ကွက်များကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကျုံဒိုးမြို့ရှိ ရပ်ကွက်များကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့က စတင်ကာ ကျုံဒိုးမြို့၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကရင်စု မြောက်ပိုင်း အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်သန်းမြင့်ကို လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် မြို့ပေါ် ရပ်ကွက်များကို ထပ်မံပစ်ခတ်ခဲ့သောကြောင့် ရပ်ကွက်နေ ပြည်သူများအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ၂၆ ရက်လောက်ကစပြေးရတာ မနေ့ကနဲ့ ဒီနေ့တော့ အကုန်နီးပါးရှောင်နေကျပြီ တစ်မြို့လုံးနီးပါးဆိုတော့ အရေအတွက် မခန့်မှန်းနိုင်ဘူး။ စစ်ခွေးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ကရင်စု မြောက်ပိုင်း အမှတ် ၁ ရပ်ကွက်က ဒေါ်သန်းမြင့် သေဆုံးသွားတယ်။ တခြား ထိခိုက်တဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article