ဖြူးတွင် ပျူစောထီး ၃ ဦးကို ဖမ်းဆီးခေါ်လာစဉ် ခုခံထွက် ပြေးသဖြင့် ပစ်ခတ်ရာ ၂ ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၂
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်တွင် ပျူစောထီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်း၌ ခုခံထွက်ပြေးသွားသဖြင့် ပစ်ခတ်ခဲ့ရာ ၂ ဦး သေဆုံးသွားကြောင်း Bago Region PDF မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြူးမြို့နယ်၊မြပဲခူးကျေးရွာအုပ်စု၊သောင်ကြီးရွာမှ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်သတင်းပေး ပျူစောထီး တင်မြင့်၊ ချစ်နန်းဦးနှင့် ချစ်နန်းထိုက်တို့ ၃ ဦးကို ဝင်ရောက်ဖမ်းဆီးပြီးခေါ်ဆောင်လာစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံး ပြီး တစ်ဦးမှာရေထဲခုန်ဆင်းသွားသဖြင့် သေဆုံးနိုင်သော် လည်းအတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“အိမ်ထဲအထိဝင်ဖမ်းခေါ်လာခဲ့တာ၊ စက်လှေပေါ်အရောက် ချစ်နန်းဦးက ရေထဲခုန်ချ ထွက်ပြေးသွားလို့ သေနတ်နဲ့ ၃ ချက်ပစ်ခဲ့တယ်၊ သေနိုင်ပေမယ့်အတည် ပြုလို့ မရသေးဘူး၊ နှစ်ယောက်ကလဲ ခုခံထွက် ပြေးဖို့ကြိုးစားလို့ ပစ်ခတ်လိုက်တာ သေဆုံးသွားပါတယ်၊ ပျူစောထီးချစ်နန်းဦးရဲ့သားဆိုရင် စကစ လက်အောက်မှာ အရာခံဗိုလ်သင်တန်းတက်နေတယ်” ဟု Bago Region PDF မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
၎င်းတိုသုံးဦးသည် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်သတင်းပေး ပျူစောထီးများဖြစ်သည့်အပြင် တော်လှန်ရေးတပ်ဖွဲများ၏ တည်နေရာများကို စုံစမ်းထောက်လှမ်း၍ စစ်ကောင်စီထံ သတင်းပေးပိုခြင်း၊ စစ်ကောင်စီတပ်ဖွဲများနှင့် ပူးပေါင်း၍ ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးခြင်းများကို ကျူးလွန်ဆောင် ရွက်နေဖြစ်ကြောင်း သိရသည်။
