မြိုင်တွင် တာဝန်ချိန်းလာသည့် စစ်ကြောင်းကို မိုင်း ၅ လုံးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၆
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တာဝန်ချိန်း၍ ပြန်လာသည့် စစ်ကြောင်းကို မိုင်း ၅ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီအချိန် မြိုင်မြို့နယ်၊ Well-2 ရေနံမြေမှ တာ ဝန် ချိန်းပြီး အင်အား ၇၀ ကျော်ခန့် ပြန်လည်ထွက်လာသော စစ် ကြောင်း ကို ကျွဲတွင်းရွာ နှင့် ဝါးရင်းချိုင်ရွာ အကြားတွင် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ရာတွင် ပျူစောထီး ၁ ဦး၊ စစ်သား ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ ကြောင်း ၊ ရဲ ၂ ဦး၊ ပျူစောထီး ၂ ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း သိရှိရသည်။
စစ်ဆင်ရေးကို MUGDF ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ နှင့် မြိုင် ပကဖ ရင်း ၁ ၊ ခွဲ ၁၊ စိတ် ၄ တို့က ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။