21 C
Yangon

ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဥ်တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီး

Must read

ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဥ်တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီး

ရန်ကုန်၊ ဧပြီ ၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက် နက်ကြီး ဖြင့်တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်ကစတင်ကာ အကြမ်းဖက် စစ်တပ်က စီသာရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၃ ကြိမ်ဗုံးကျဲပြီး ၈၂ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စီသာကျေးရွာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဆေရုံလူနာဆောင်တွေကတော့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားပြီ၊ ဝန်ထမ်းအိမ်ယာလောက်ပဲ ကျန် တယ်၊ စာသင်ကျောင်းက အုတ်တံတိုင်းတွေ၊ မှန်တွေထိခိုက်ပျက်စီးတယ်၊ မီးလောင်သွားတာ အိမ်ခြေ ၂၀ ကျော်နဲ့ ဗုံးထိပျက်စီးတာက မန်နားက ၂ အိမ်နဲ့ စီသာရွာကအိမ်တွေထိတယ်၊ အများဆုံးကတော့ စီသာရွာထဲအိမ်တွေပဲ၊ လူတွေကတော့ တိုက်ပွဲဖြစ်တာနဲ့အိမ်တွေပစ်ပြီး ရှောင်နေလိုက်လို့ မထိဘူး” ဟု ရွှေကူ PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်မ ၈၈ ၊ လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နှင့် ထပ်မံဖြည့် တင်းထားသော အကြမ်းဖက်စစ်သားများသည် ယခုချိန်အထိ မိန့်ဝိန်းကြီးကျေးရွာ၌ တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများလုပ်ဆောင်နေသဖြင့် အိမ်ခြေ ၁၅၀ ခန့်ရှိသော စီသာကျေးရွာနှင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော မန်နားကျေးရွာအပါအဝင် အနီးအနားကျေးရွာ နေပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article