25 C
Yangon

ကရင်ပြည်နယ်တွင် စစ်မီးတောက်နေသော်လည်း မင်းအောင်လှိုင်က သင်္ကြန် စည်ကားရေးနှင့် နွေရာသီ ယာဉ်ကျေး လိမ္မာ သင်တန်းဖွင့်ရေး အပါအဝင် အချက် ၁၉ ချက် လျှို့ဝှက် ညွှန်ကြား

Must read

ကရင်ပြည်နယ်တွင် စစ်မီးတောက်နေသော်လည်း မင်းအောင်လှိုင်က သင်္ကြန် စည်ကားရေးနှင့် နွေရာသီ ယာဉ်ကျေး လိမ္မာ သင်တန်းဖွင့်ရေး အပါအဝင် အချက် ၁၉ ချက် လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ ဧပြီ ၆

ကရင်ပြည်နယ် နေရာအနှံ့အပြားတွင် ပစ်ခတ်တိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က သင်္ကြန်စည်ကားရေး၊ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ရေး အပါ အဝင် အချက် ၁၉ ချက် ဆောင်ရွက်ရန် လျှို့ဝှက် ညွှန်ကြား ချက် ထုတ်ပြန် ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ ပြုလုပ်သည့် မင်းအောင်လှိုင်နှင့် တိုင်း/ ပြည်နယ် စစ် ကောင် စီ ဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြား ခြင်းဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ယခုနှစ်မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ယာဉ်ကျေးသိမ်မွေ့စွာဖြင့် ပျော်ပျော်ပါးပါး ရေကစားနိုင်ရေး စီမံထားရန် ၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများအတွက် ယဉ်ကျေး လိမ္မာသင်တန်းများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာ သင်တန်းများကဲ့သို့သော သင်တန်းများ ဖွင့်လှစ်ရန် အမိန့်ပေးသည်။

“ဒီလောက်စစ်မီးတောက်ပြီး အကုန်ပြေးလွှားနေရတာ သူမို့ သင်္ကြန်စည် ကား အောင် လုပ်ဖို့ ပြောနိုင်တယ်။ ဝန်ထမ်းတွေလည်း ရှေ့သွား နောက်ကြည့် ဘယ် အချိန် အသတ်ခံရမလဲ ပူနေရတာ။ သူတို့တောင် လုံခြုံရေး အပြည့်နဲ့ ကိုယ့် ဘေး ကိုယ်ရှောင်နေရတာကို။ လုံခြုံရေးမရှိတဲ့ ဝန်ထမ်းတွေအတွက်က အ တော် ကို အဆင်မပြေတာပါ” ဟု ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ ဆေးရုံ ကြီးမှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

မင်းအောင်လှိုင်၏ ညွှန်ကြားချက်များတွင် ဆီသီးနှင့်ထုတ်လုပ်ရန်၊ စပါးကျဲပက် စိုက်ပျိုးရေးစနစ် ပြောင်းရန် လိုင်စင်မဲ့ကားများ အရေးယူရန် ၊ ကျောင်းတက် သည့် ရာခိုင်နှုန်း လျှော့ကျနေမှုကို စိစစ်ဖော်ထုတ်ရန် အပါအဝင် အချက် ၁၉ ချက် ပါဝင်ပြီး အဆိုပါ မင်းအောင်လှိုင်၏ လျှို့ဝှက် ညွှန်ကြားချက် ၁၉ ချက်ကို ရန်ကုန်ခေတ်သစ်၏ စာဖတ်ပရိသတ်များ ကြည့်ရှုနိုင်ရန် တစ်ပါတည်း ဖော်ပြအပ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article