25 C
Yangon

တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြား ချက်ထုတ်

Must read

တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြား ချက်ထုတ်

ရန်ကုန်၊ ဧပြီ ၉

အကြမ်ဖးက်စစ်ကောင်စီက တပ်ဖွဲ့တပ်ရင်းများတွင် တပ်တွင်း သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြု့ရေး အထူးတင်းတင်းထားရန်နှင့် လုံခြုံရေး စည်း ဖောက် ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြားချက် ထုတ်ပြန် လာ ကြောင်း သိရှိရသည်။

မြို့ပြ တော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha နှစ်ဖွဲ့တို့ ပူးပေါင်း၍ ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ တပ် တွင်းသင်္ကြန် မဏ္ဍပ် များအနီးသို့ လုံးဝ(လုံးဝ) မသွားကြပါရန်၊ တပ်မဏ္ဍပ် နေ ရာ တည်နေရာ များကို နီးစပ်ရာ မြို့ပြပျောက်ကျားအဖွဲ့များကို အကြောင်း ကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ တပ်တွင်း သင်္ကြန်မဏ္ဍပ်များကို ပစ်ခတ် ရန် ၁၀၇ မမ များလည်း လုံလုံလောက်လောက် ရောက်ရှိနေပြီ ဖြစ်ပါ သော ကြောင့် တပ်တွင်း သွေးသင်္ကြန်ပွဲများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ တပ်တွင်း သင်္ကြန်များကို လုံး၀ မသွားကြရန် အထူးသတိပေးချက်ထုတ်ပြန်ခဲ့သည်။

တပ်တွင်းသင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော ကြေညာ ချက် ကြောင့် နောက်ဆက်တွဲ တပ်တွင်း သင်္ကြန်ပွဲများ ကျင်းပလျှင် လုံခြုံရေး တင်း ကျပ်ရန် ညွှန်ကြားချက်များ ထွက်လာခြင်းဖြစ်သည်။

“မဟာသင်္ကြန်စည်ကားရေးတွက် လုံခြုံရေးအထူးဂရုစိုက်ဖို့ ပုဒ်မ ၁၄၄ ထုတ် ထား ရဲ့သားနဲ့ ညပိုင်း သတ်မှတ်အချိန် ကျော်ထွက်ရင် ဖမ်းဆီးထောင်ချဖို့၊အမိန့်မနာခံရင် လုံခြုံရေးအတွက် အလုံးစုံ လုပ်ပိုင်ခွင့် အပ်နှင်းထားပြီးသားမို့ တပ်တွေအနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားချက်တွေ ထွက် လာ ပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်/တိုင်း စစ်ကောင်စီများက ပြုလုပ်မည့် ဗဟိုမဏ္ဍပ်များတွင်လည်း စစ်တပ်က စနိုက်ပါများ၊ သေနတ်သမားများ၊ ကင်း ပုန်း ချထားပေးမည်ဖြစ်ပြီး အဝေးထိန်းဗုံးများကို ထိန်းချုပ်ရန်နှင့်ဒရုန်း များ ကို ဖြတ်တောက်ရန် Jammer များ၊ ဒရုန်းပစ်ချသည့် လက်နက်များ တပ်ဆင်ထား မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးအဖွဲ့များထံတွင် ရှိနေသည့် ရှော့တိုက်ဒုံးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article