30 C
Yangon

ခရမ်းမြို့နယ် မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု သေဆုံးမှုများပြားနိုင်

Must read

ခရမ်းမြို့နယ် မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု သေဆုံးမှုများပြားနိုင်

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ရာ သေဆုံးမှုများပြားနိုင်ကြောင်း ခရမ်းမြို့နယ် PDF က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ခရမ်းမြို့နယ်၊ မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်လက်နက်ကြီးဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ခရမ်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က ၈၁ မမ ရှော့တိုက် လက် နက် ကြီးဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးမှုများပြားနိုင်ကြောင်း သိရှိရသည်။

“အသေများတယ်။ ၈၁ မမ ရှော့တိုက်ဒုံး ရဲစခန်းအတွင်းထဲကို ကျသွားပါတယ်၊ ကျနော်တို့ အေသေးစိတ် စုံစမ်းနေတုန်းပဲ။” ဟု ခရမ်းPDF က ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ကနဦးအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေ အနေအသေးစိတ်အား မသိရှိရသေးကြောင်း ခရမ်း Channel က ဆိုသည်။

“ဗုံးပေါက်ကွဲပြီးတော့ ရဲစခန်းထဲကနေ ဆေးရုံထဲကို စစ်သားတွေ ရဲတွေ အပြေး အလွှားဝင်သွားတာတွေ့တယ်၊ ၅ ယောက်လောက်ဝင်သွားတာ” ဟု ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံး ပြင် ဆင် မှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article